Burmese speech, in words. Now with room for English.
Meet Raj 1.7B, the larger model in the next generation of Raj. It turns spoken Burmese into text, including the English words, names, and phrases we mix into everyday conversations.
A good listener. Getting better.
Raj-0 started with NVIDIA’s Nemotron ASR. For this generation, we’ve moved to Qwen3-ASR-1.7B as the base model, with a stronger focus on the way Burmese and English are spoken together.
These models can be a little slower than Raj-0, particularly Raj 1.7B. The tradeoff is improved transcription and code-switching. Speed depends on your device and the format you use.
For Raj 1.7B, our focus is transcription quality, especially for more challenging speech and recordings.
These are development priorities for future versions.
Both formats are available in this repository for local inference.
| Format | Download |
|---|---|
| GGUF · 8-bit | GGUF files |
| MLX · 8-bit | MLX files |
Raj 0.6B is the compact option. Raj 1.7B is the larger model.
Apache 2.0. Use it for personal projects, learning, research, and commercial use. See LICENSE and NOTICE. The original Qwen materials retain their upstream license.
Thanks for trying Raj. We’re still listening.
မြန်မာစကားကို စာသားအဖြစ်။ အင်္ဂလိပ်လို ရောပြောတာတွေလည်း ပါဝင်လာပါပြီ။
Raj ရဲ့ မျိုးဆက်သစ်ထဲက ပိုကြီးတဲ့ မော်ဒယ်ဖြစ်တဲ့ Raj 1.7B ကို မိတ်ဆက်ပေးချင်ပါတယ်။ မြန်မာလို ပြောထားတဲ့အသံတွေကို စာသားပြောင်းပေးပြီး နေ့စဉ်စကားပြောရာမှာ ညှပ်သုံးတဲ့ အင်္ဂလိပ်စကားလုံးတွေ၊ နာမည်တွေနဲ့ စကားစုတွေကိုလည်း ရေးထုတ်ပေးနိုင်ပါတယ်။
နားထောင်တတ်ဖို့ ဆက်လေ့လာနေဆဲပါ။
ပထမဗားရှင်း Raj-0 ကို NVIDIA ရဲ့ Nemotron ASR ကို အခြေခံပြီး တည်ဆောက်ခဲ့ပါတယ်။ ဒီတစ်ခါမှာတော့ Qwen3-ASR-1.7B ကို ပြောင်းလဲအသုံးပြုထားပြီး မြန်မာနဲ့ အင်္ဂလိပ် ရောပြောတဲ့ စကားသံတွေကို ပိုကောင်းကောင်း နားလည်နိုင်ဖို့ ဦးစားပေးထားပါတယ်။
ဒီမော်ဒယ်တွေက Raj-0 ထက် နည်းနည်းပိုနှေးနိုင်ပါတယ်။ အထူးသဖြင့် Raj 1.7B မှာ ပိုသိသာနိုင်ပါတယ်။ အဲဒီအစား မြန်မာစကားနဲ့ အင်္ဂလိပ်လို ရောပြောတာတွေကို ပိုမှန်ကန်စွာ ရေးထုတ်နိုင်ဖို့ ဦးစားပေးထားပါတယ်။ အမြန်နှုန်းက သုံးတဲ့စက်နဲ့ မော်ဒယ်ဖော်မတ်ပေါ်လည်း မူတည်ပါတယ်။
Raj 1.7B မှာတော့ စာသားတိကျမှန်ကန်မှုကို ဦးစားပေးသွားမှာပါ။ အထူးသဖြင့် နားထောင်ရခက်တဲ့ စကားနဲ့ အသံဖိုင်တွေကို ပိုကောင်းကောင်း ရေးထုတ်နိုင်ဖို့ ရည်ရွယ်ပါတယ်။
ဒါတွေက နောက်ထွက်မယ့် ဗားရှင်းတွေအတွက် ဦးစားပေးလုပ်သွားမယ့် အရာတွေပါ။
ကိုယ့်စက်ပေါ်မှာ အသုံးပြုနိုင်ဖို့ ဖော်မတ်နှစ်မျိုးစလုံးကို ဒီ repository မှာ ရယူနိုင်ပါတယ်။
| ဖော်မတ် | မော်ဒယ်ဖိုင်များ |
|---|---|
| GGUF · 8-bit | GGUF ဖိုင်များ |
| MLX · 8-bit | MLX ဖိုင်များ |
Raj 0.6B က ပိုပေါ့ပါးတဲ့ မော်ဒယ်ဖြစ်ပြီး Raj 1.7B က ပိုကြီးတဲ့ မော်ဒယ်ပါ။
Apache 2.0 လိုင်စင်နဲ့ ဖြန့်ချိထားလို့ ကိုယ်ပိုင်ပရောဂျက်တွေ၊ လေ့လာသင်ယူမှု၊ သုတေသနတွေအတွက် သုံးနိုင်ပါတယ်။ စီးပွားရေးအတွက်လည်း အသုံးပြုနိုင်ပါတယ်။ အသေးစိတ်ကို LICENSE နဲ့ NOTICE မှာ ဖတ်နိုင်ပါတယ်။ မူရင်း Qwen ဖိုင်တွေအတွက် မူရင်းလိုင်စင် က ဆက်လက်အကျုံးဝင်ပါတယ်။
Raj ကို စမ်းသုံးပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ပိုကောင်းလာအောင် ဆက်နားထောင်သွားပါမယ်။
Qwen/Qwen3-ASR-1.7B